Time

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, September 12, 2016

ဖုန်း လေးခြင်း Wifi & Data အလိုလို ပွင့်နေသူများ အတွက် Monkey Task Killer apkလေး



မင်္ဂလာပါဗျာ Androidဖုန်းမှာ Monkey Virous ဝင်နေသူများ (မျောက်ကိုက်သူများ) တစ်နည်းအားဖြင့် ဖုန်း လေးခြင်း Wifi & Data အလိုလို ပွင့်နေသူများ အတွက် Monkey Task Killer apkလေး တင်ပေးလိုက်ပါတယ်ခင်ဗျာ။ Root ရှိဖို့တော့လိုအပ်ပါမယ်ခင်ဗျ။
လိုအပ်ရင်အောက်က Linkမယ် ဝင်Download ဆွဲနိုင်ပါတယ်ခင်ဗျ။
Monkey task killer Apk

ဒါက အထောက်အကူပြု  Apkလေးပါ။ တစ်ခြားဟာတွေနဲ့ တွဲသုံးရပါတယ်။ မသုံးလဲရပါတယ်။လိုအပ်ရင်ယူပါ။

Busybox Apk

Downloadလုပ်နည်း

**ဒေါင်းမည့် Linkကိုနှိပ်ပါ**
**[ Please wait 5sec ] ငါးစက္ကန့်လောက် စောင့်ပေးပါ**
**ညာဘက်အပေါ်ထောင့်က >>SKIP AD<<ကို နှိပ်ပါ**
**>>Download<<ကို နှိပ်ပါ**
**>>Save to Device<< ကိုနှိပ်၍ ဒေါင်းနိုင်ပါပြီ ခင်ဗျာ**

လာလည်သည့်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

** အသစ်တင်တိုင်း Faccebookမှာ ဖတ်ရန်**

Sunday, September 11, 2016

Download ဆွဲနည်းများ


( Adf.ly Link / Pcloud Link / Sh.st Link / Victly Link ) Download လုပ်နည်း များကို တင်ပေးလိုက်ပါတယ် ခင်ဗျာ။

 

sh.st Link  ဒေါင်းလုပ်ဆွဲနည်း ပြီး၏။


နောက်ဆုံးပုံကတော့Victly Linkအားနှိပ်လျှင်မြင်ရမည့်ပုံပါ Skip Adပေါ်လျှင် နှိပ်ကျော်နိုင်ပါသည်။

လာလည်သည့်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ 
** အသစ်တင်တိုင်း Faccebookမှာ ဖတ်ရန် **


Saturday, September 10, 2016

မွေးရပ်မြေ (သို့) ကြံခင်းမြေ (ကဗျာ)


မွေးရပ်မြေ (သို့) ကြံခင်းမြေ (ကဗျာ)

မြစ်ဧရာ ဝတီဘေးမှာ
ချောင်းခွဲငယ် အသွယ်သွယ်နဲ့
တိုင်းဝတီ ဘုံထိပ်ဖျား
သာယာလှပေ ကြံခင်းမြေ။
ကမ်းနံဖူး စမ်းချောင်းရေလူးလို့
ပန်းပေါင်းစုံသင်းပျံ့ကြိုင်ထူး
ရွေှဝတ်မှုံ ဟိုဒီကူးကာဖြင့်
ဝေဖြာလှနေ လှိုင်ဖူးဝေ။
မြို့အနောက် မြင်ကွင်းမှောက်လို့
တောင်တန်းတွေ ကာရံထားကာဖြင့်
မြူခိုးဝေရစ်ကာဆိုင်း
တောင်ခြေပျောက်ပေ သွယ်တန်းနေ။
သည်တောတော ရေမြေသဘာဝနဲ့
ရွယ်ရောက်လာ ပျော်ရွှင်မြူးခဲ့ရ
ကြည်နူးဝေ စိတ်ရည်စူးကာဖြင့်
တမ်းတမိပေ
သြော်.....ငါ၏မွေးရပ်မြေ။

ပြည့်စုံအောင်(ခ)လှမျိုးထက်
(ကြံခင်းသားလေး)

ထာဝရ သူငယ်ချင်း (ကဗျာ)


ထာဝရ သူငယ်ချင်း 

သူ့စာအုပ်လေး ခြစ်ကာရေးလို့ 
လိုက်ရိုက်တတ်တဲ့ သူငယ်ချင်း၊
သူ့ခုံနံဘေး ကြည့်ကာငေးလို့ 
မျက်စောင်းထိုးတတ်တဲ့ သူငယ်ချင်း၊
သူ့လွယ်အိတ်လေး လုကာပြေးလို့ 
ငိုနေတတ်တဲ့ သူငယ်ချင်း၊
သူ့စိတ်တွင်းဝယ် 
ဒဏ်ရာရအောင် လုပ်နေပါလည်း 
အမြဲခွင့်လွှတ်တဲ့ သူငယ်ချင်း။
ကျောင်းပျက်များလို့ စာမရှိလည်း 
ယူကူးပေးတဲ့ သူငယ်ချင်း၊
စာမရလို့ မှိုင်ငေးနေလည်း 
ကူကျက်ပေးတဲ့ သူငယ်ချင်း၊
တွက်စာမရလို့ ခေါင်းခြောက်နေလည်း 
ကူရှင်းပြတဲ့ သူငယ်ချင်း၊
ဘယ်အရာမဆို ငါ့အပေါ်ကို 
အမြဲခွင့်လွှတ် နစ်နာခံကာ
ဖြေရှင်းပေးတဲ့ ချစ်ရပါသော 
ငါ၏ထာဝရ သူငယ်ချင်း။

တန်ဆောင်မုန်းလွမ်းတေး ( ကဗျာ )



တန်ဆောင်မုန်းလွမ်းတေး

တွေးမိတိုင်း အသည်းနာလို့နေ
တမ်းတမိတိုင်း မျက်ရည်စို့ပေ 
သည်ချိန်ခါလေ 
ဘုရားပွဲများဖြင့် စည်ကားရင်းနှင့်ပဲ 
ဒီပင်္ကရာဘုရားမြတ်ခြေရင်းပေ 
မီးပုံးရောင်စုံလေးတွေ ချိတ်လျက်မျှော်ကာငေးနေ၊
အမှတ်တရနေ့ကလေးတွေ တမ်းတခါခါဆုခြွေ 
 ဆောင်းနှင်းဝေဝေအလွမ်းပြေ သီချင်းလေးဆိုကာညည်းနေ။
 အတိတ်ကသည်ပုံရိပ်တွေ ခြောက်လှန့်နေစဲပေ၊
မေ့ပျောက်လို့မရနိုင်အောင်လည်း သတိရမိပေါ့လေ 
တန်ဆောင်မုန်းလရဲ့ အလွမ်းပြေ အလွမ်းပြေ။

တပေါင်းရာသီ လွမ်းပန်းချီ (ကဗျာ )


တပေါင်းရာသီ လွမ်းပန်းချီ

  ဟေမန်နှောင်းလို့
လေရူးမွေှနှောက် မိုးမဖောက်ပဲ
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေ၍
နွေဦးကိုလည်း ရောက်ခဲ့ပြီ။
လတပေါင်းသို့
ရက်ကူးကျော်ပေါက် နေ့မဖျောက်ပဲ
ရက်ဟောင်းတွေဖြေ ရက်သစ်စေ၍
နေ့သစ်တစ်ဖန် စခဲ့ပြီ။
နွေဦးအလှ သဘာဝနှင့်
လိုက်လျောညီထွေ ပန်းတစ်ထွေလည်း
ဖူးငုံပွင့်ပြောင်း အာရုဏ်လောင်း၌
ဖော်ပေါင်းစုံညီ ပွင့်ကြသည်။
နွေဦး၏မာန် အချစ်ဟန်နှင့်
တွန်ကြူးဘာသာ ငှက်တို့မှာလည်း
သာယာနေ့ဦး ရက်သစ်ထူးကို
မိတ်ပေါင်းစုံစွာ ကြိုဆိုကြသည်
တီတီတာတာ ကြာကြာနှင့်။
နွေဦးသာယာ သည်ချိန်ခါဝယ်
ဝန်းကျင်တစ်ဝိုက် အပျော်ဆိုက်လည်း
ပျော်ရွှင်ကြည်နူး သည်နေ့ထူးကို
မပျော်မပိုက် အချစ်မိုက်ဖြင့်
ပန်းခြံတွင်းဝင် မြက်ခင်းပြင်၌
ထွက်ခွာချစ်သူ အပြစ်ယူ၍
မေ့ဖျောက်ပစ်ရန် ကြိုးပမ်းပြန်လည်း
အားအင်မရှိ အချည်းနှီးတည်း။
ဖော်ရွေှကွဲ၍ကြင်သူမပါ
 တစ်ကိုယ်တည်းသာဖြင့်
သံသာဥသြ သီဆိုကြော၌
မျောလျက်ကယ်ပါ စိတ်စဉ်မှာလည်း
တည်ငြိမ်မရှိ မှန်းဆဘိတည်း
လွမ်းရစ်ငြီးသို့
ချစ်သူအပြုံး အလှဆုံးဟု
တမ်းတမျှော်ကာ လွမ်းမိပါလည်း
ငါတည်းမဟုတ် တူသရုပ်သို့
စိတ်၏သဏ္ဌာန် ကြေးမှုံမှန်တွင်  
ဥသြတွန်ကြူး သံသာထူး၌
လွမ်းလျက်ကယ်သာ လွမ်းမိပါသည်
ငါ၏လွမ်းရက်နေ့များတည်း။

Friday, September 9, 2016

ဆောင်းနှင်းဝေဝေ (ကဗျာ)


ဆောင်းနှင်းေ၀ေ၀ 

ကြယ်ရောင်ကင်း မှောင်မဲတဲ့၀ဠာရှစ်ခွင်
တိတ်ဆိတ်တဲ့၀န်းကျင်
ဖြောက်ေဖြောက်ကယ် နှင်းကျသံမှတပါး
ဂီတသံလား ထင်မှတ်မှားလို့
ကြားအာရုံ စိတ်ယစ်မူးရအောင်
ကင်းနေသည့်အလား။
ရောင်နီလင်း ေ၀ဝါးတဲ့တိုင်းတစ်ခွင်
စိုစွတ်တဲ့ကွင်းပြင်
ခိုက်ခိုက်တုန် ချမ်းနေရင်းက
၀န်းကျင်လှသာယာမောလို့
စိတ်အာရုံသန့်စင်သွားရအောင်
လင်းနေသည့်အလား။
ဆီးနှင်းရယ်ေ၀ တိုင်းဌာနေဘယ်ဆီမှန်း
လွမ်းကာသာတမ်းတနေရတယ်
ငွေနှင်းမှုန်သုန်သုန်ဖြူးလို့ရယ်
ဆောင်းရေ၀လွမ်း။