Time

Saturday, September 17, 2016

18+ သမားများအတွက်


မင်္ဂလာပါ။ ဒီPostလေး ကတော့ အသက်18နှစ် ပြည့် ပြီးသူများသာ ဖတ်ရမယ့် Post လေးဖြစ်ပါတယ်။
ဒီPost လေးမှာ 18+သမားများနှင့် သာယာချမ်းမြေ့သော မိသားစုဘဝကို ပိုင်ဆိုင်လိုသော အိမ်ထောင်ရှင်များ  အတွက် မိမိနှစ်သက်ရာတွေ လွယ်ကူအဆင် ပြေစွာ ကြည့်ရှု Downloadလုပ် နိုင်မယ့် siteလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။
ကဲခုမှ ဟိုလို၂ဒီလို၂ လုပ်မနေနဲ့ လိုအပ်ရင် ဝင်ဒေါင်း တွေ့တုန်းဒေါင်းထား။ ပြီးတော့မှ ဟိုရှာဒီရှာနဲ့ Accတွေ ဖွင့်မရတာ ဘယ်နှစ်ခု ရှိPလဲ???

18+ Site Link

*ပြာပုံထဲက ရွေှကို တွေ့အောင် ရှာပါ*

ဒီPost တင်ရခြင်း ရည်ရွယ်ချက်
သိပြီးသူများ ကျော်ဗျာ။ ယနေ့ခေတ် Facebook လူမှု ကွန်ယက်ပေါ်တွင် တွေ့နေရသော အခြေအနေများ ဖြစ်ပါသည်။
18+ Videosများကို ဒေါင်းလဲဒေါင်းချင် သူများပြောရမှာလဲ အခက်ဖြစ်နေသော သူများရှိနေပါသည် မိမိကိုယ်ကိုယ်သိပါ။ ယောကျ်ားလေး များမှာ Friများဆီက အလွယ်တကူ ကူးနိုင်သည် မိန်းကလေးများ မှာလည်း ဝါသနာတူ ပွင့်လင်းသူFriများ တွေ့ရင် အလွယ်တကူပါပဲ။ Zapya ကဲ့သို့သော Apkမျိုးနဲ့ ကူးနိုင်ပါသည်။
အဓိက ကတော့ အရှက်အကြောက် ကြီးပြီး တစ်ကိုယ်တည်း သီးသန့်နေတတ်သူများ ဖြစ်ပါသည်။ 
မိမိအနေနှင့် သူများလည်းမပြောချင်။ အကြောင်းလဲမသိ ဒီတော့ Facebookအကောင့် နှင့် အလွယ်တကူရှာ ရသည်ဆိုပြီး အကောင့်ရဲ့ Search Barမှာ မိမိတို့ ဦးတည်ချက်ကို ချရေးပြီး ရှာပါတယ်။
တွေ့ပါပြီ။ မိမိဦးတည်ချက် Link! Download ဆွဲမယ်ပေါ့။ ဖြစ်ချင်တော့ User Name & Password တောင်းတာပါပဲ။ ဘာဖြစ်လဲ ဝင်တယ်ကွာ။ ရိုက်ထည့် ဝင်။ Fake Linkဆိုတော့ ဟိုရောက်လိုက် ဒီရောက်လိုက် ဒီတော့ ပြန်ထွက်။ (ဘယ်လိုကြည့်ရမလဲ လုပ်မရလို့ ပြောချင်သော်လည်း မပြောဝံ့) နောက်ထပ် Linkထပ်ရှာ။
ဒီမှာတင် မိမိအကောင့် User name & Password တွေ သူများဆီ ရောက်သွားတာ မသိရှာပါ။ နောက်နေ့ Facebookဖွင့် မရမှ ဟိုလူကယ်ပါ ဒီလူကယ်ပါ လုပ်နေမယ့်အစား တွေ့ရာLinkတွေ ဝင်တတ်တာတွေ အလွယ်တကူရှောင်ပါ။
Sexy Linkများတင် မဟုတ်ပါ။ တခြား Cocကဲ့သို့သော ဂိမ်းPageမျိုး တွေမှာ Gems FreeဆိုP Linkတုတွေ တင်ထားတတ်ပါတယ်။ အလားတူ တခြားတခြားသော လူစိတ်ဝင်စားလွယ်သည့် ကိစ္စများကို အကြောင်းပြု၍ အဆိုပါ Linkအတုများ ဖန်တီးကာ အကောင့်ခိုးယူ နေသော အဖွဲ့အစည်းများ များစွာရှိပါသည်။ ထိုနည်းကို ငါးမျှားသည်ဟု ခေါ်သည်ဟု သိရှိရပါသည်။

များသောအားဖြင့် ငါးများချိတ် လင့်များ အစတွင် wapkaများပါရှိတတ်ပါသည်။ တခြားစာပါရှိသော Linkများလဲ ရှိပါသည်။ ဖြစ်နိုင်ချေအများဆုံးကတော့ wapkaဆိုတာ ပါရှိပါသည်။

wapka ပါတိုင်းရော Linkအတုလား မဟုတ်ပါ။ ဖြစ်နိုင်ချေကို သတိထားနိုင်အောင် ပြောတာပါ။ မသင်္ကာရင် အကောင့်အစစ်ရိုက်မထည့်ပဲ စမ်းကြည့် နိုင်ပါတယ်။

ထို ငါးမျှားချိတ် Linkနှင့်ပင် Fake Application များရှိပါသည်။ ဥပမာ Fb video downloader ကဲ့သို့သော Apk နာမည်များတွေ့တိုင်း အကောင့်မဝင် မိပါစေနှင့်။ Fb Free Get Likeစသည့် Apkများ ဖြစ်ပါသည်။ သေချာကြည့်လျှင် Fb Pageနှင့်မတူသော အချက်များ ပါရှိပါသည်။

ထို့ကြောင့် အကြောင်းမသိသေးသော ကျွန်တော်၏ ချစ်Fri Normal Userများ အနေနဲ့ အဆိုပါ မသင်္ကာဖွယ်ရာ Linkတုများကို မဝင်မိစေရန်နှင့် ဝင်မိသော်လည်း မိမိအကောင့် User Name & Passမထည့် မိစေရန် ရည်ရွယ်၍ ဤPostကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။ ပျော်ရွှင်သော မိသားစု ဘဝနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ။

လာလည်သည့်အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ
** အသစ်တင်တိုင်း Faccebookမှာ ဖတ်ရန် **

0 comments:

Post a Comment