Time

Saturday, September 10, 2016

ထာဝရ သူငယ်ချင်း (ကဗျာ)


ထာဝရ သူငယ်ချင်း 

သူ့စာအုပ်လေး ခြစ်ကာရေးလို့ 
လိုက်ရိုက်တတ်တဲ့ သူငယ်ချင်း၊
သူ့ခုံနံဘေး ကြည့်ကာငေးလို့ 
မျက်စောင်းထိုးတတ်တဲ့ သူငယ်ချင်း၊
သူ့လွယ်အိတ်လေး လုကာပြေးလို့ 
ငိုနေတတ်တဲ့ သူငယ်ချင်း၊
သူ့စိတ်တွင်းဝယ် 
ဒဏ်ရာရအောင် လုပ်နေပါလည်း 
အမြဲခွင့်လွှတ်တဲ့ သူငယ်ချင်း။
ကျောင်းပျက်များလို့ စာမရှိလည်း 
ယူကူးပေးတဲ့ သူငယ်ချင်း၊
စာမရလို့ မှိုင်ငေးနေလည်း 
ကူကျက်ပေးတဲ့ သူငယ်ချင်း၊
တွက်စာမရလို့ ခေါင်းခြောက်နေလည်း 
ကူရှင်းပြတဲ့ သူငယ်ချင်း၊
ဘယ်အရာမဆို ငါ့အပေါ်ကို 
အမြဲခွင့်လွှတ် နစ်နာခံကာ
ဖြေရှင်းပေးတဲ့ ချစ်ရပါသော 
ငါ၏ထာဝရ သူငယ်ချင်း။

0 comments:

Post a Comment