Time

Wednesday, September 21, 2016

သူ့တစ်ယောက်ကိုသာ (ကဗျာ)



`` သူတစ်ယောက်ကိုသာ ´´
================
မြတ်တနိုးနဲ့
ထပ်တိုးလို့ ...ချည်
တွယ်ခဲ့လေသည်နှောင်ကြိုး
ဘယ်အငြိုးကြောင့်
မုန်းခဲ့လေသည်လဲကွယ် ။
အထပ်ထပ် ...ရစ်ပတ်
မပြတ်မလပ်ချစ်ခဲ့သူက..ငါ
သံယောဇဉ်တွေဖြတ်
ပြတ်သားစွာငြင်းသူက..နင်
ခုတော့ငါ့အတွက်
ဘယ်အရာမှအရာမထင်တော့သလို ။
ရေပေါ်မှာအရုပ်ဆွဲ
သဲထဲမှာရေသွန်
အခါခါအရာမထင်ပေမယ့်
ပြင်မရတော့တဲ့ငါ့အချစ်က
ရင်မှာလာတဲ့နင်တစ်ယောက်ကိုသာ....။

Post by အစ်မအိ

0 comments:

Post a Comment